ေြကညာချက်အမှတ်-၁၇/ ၀၄/ ၁၂

 

အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်
အမှတ်(၉၇/ခ)၊ အေနာက်ေရွှဂံုတိုင်လမ်း
ဗဟန်းြမို့နယ်၊ ရန်ကုန်ြမို့

၂၀၁၂ ခုနှစ်၊ ဧြပီလ (၃၀) ရက်
၁၃၇၄ ခုနှစ်၊ ကဆုန်လဆန်း (၁၀) ရက်

ေြကညာချက်အမှတ်-၁၇/ ၀၄/ ၁၂


၁။ ဧြပီ(၁)ရက် ေရွးေကာက်ပွဲတွင် အနိုင်ရရိှထားေသာ အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်၏ လွှတ်ေတာ်ကုိယ်စားလှယ်များသည် ကျင်းပဆဲ ပထမအြကိမ် ြပည်သူ့လွှတ်ေတာ် တတိယပံုမှန်အစည်းအေဝးတွင် ပါဝင်တက်ေရာက်မည်ြဖစ်ေြကာင်း လွှတ်ေတာ်ကုိယ်စားလှယ်အများစု၏ သေဘာတူညီချက်ြဖင့် ဆံုးြဖတ်လိုက်သည်။

၂။ အဖွဲ့ချုပ် ြပည်သူ့လွှတ်ေတာ်ကိုယ်စားလှယ်များသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပံုအေြခခံဥပေဒပုဒ်မ-၁၂၅(က) ဇယား(၄)တွင် ေဖာ်ြပထားသည့်အတိုင်း ကျမ်းသစ္စာကျိန်ဆိုြကမည်ြဖစ်ေသာ်လည်း အဖွဲ့ချုပ်၏ မူလရပ်တည်ချက်ြဖစ်ေသာ ဖွဲ့စည်းပံုအေြခခံဥပေဒကို “ေလးစားလိုက်နာပါမည်” ဟူေသာ သေဘာထားကိုမူ ေြပာင်းလဲမည်မဟုတ်ပါ။

၃။ အဖွဲ့ချုပ်က ယခုကဲ့သို့ ဆံုးြဖတ်လုိက်ြခင်းမှာ-
(က) အဖွဲ့ချုပ်လွှတ်ေတာ်ကိုယ်စားလှယ်များ လွှတ်ေတာ်တက်ေရာက်ြကရန် မဲဆန္ဒရှင်ြပည်သူများက အထူးေမှျာ်လင့်ေတာင့်တေနြကသြဖင့်၊ ြပည်သူလူထု၏ဆန္ဒကို လိုက်ေလျာလိုေသာေြကာင့်လည်းေကာင်း၊
(ခ) လွှတ်ေတာ်အတွင်းရိှ တိုင်းရင်းသားပါတီများက ရခိုင်အမျိုးသားတိုးတက်ေရးပါတီဥက္ကဋ္ဌ ေဒါက်တာေအးေမာင်အား ေစလွှတ်ြပီး အဖွဲ့ချုပ်သို့ သဝဏ်လွှာပို့ကာ လွှတ်ေတာ်တွင် ပါဝင်တက်ေရာက်ေရးအတွက် ေမတ္တာရပ်ခံ တုိက်တွန်းခဲ့သြဖင့် တိုင်းရင်းသားညီအစ်ကိုများ၏ ေမတ္တာရပ်ခံချက်ကို ေလးစားတန်ဖိုးထားကာ တုန့်ြပန်လိုေသာေြကာင့်လည်းေကာင်း လွှတ်ေတာ်သို့ တက်ေရာက်ရန် ဆံုးြဖတ်လိုက်ြခင်း ြဖစ်ပါသည်။

၃၀-၄-၁၂ ေန့တွင် ကျင်းပေသာ နာယကများနှင့် ဗဟုိအလုပ်အမှုေဆာင်အဖွဲ့တို့၏ အစည်းအေဝး ဆံုးြဖတ်ချက်အရ၊


ဗဟုိအလုပ်အမှုေဆာင်အဖွဲ့
အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်

ေခါင်းစီးသတင်းများ