​ေရွး​​ေကာက်​ပွဲ​ေကာ်​မ​ရှင်​သို့​တိုင်​ြကား​စာ



အမျိုးသား ဒီမိုကေရစီ အဖွဲ့ချုပ်

အမှတ်(၉၇/ခ)၊ ေနာက်ေရွှဂံုတိုင်လမ်း

ဗဟန်းြမို့နယ်၊ ရန်ကုန်ြမို့

ေန့စွဲ။        ။ ၂၀၁၂ ခုနှစ်၊ ဧြပီလ (၁) ရက်

သို့

ဥက္ကဌ

ြပည်ေထာင်စုေကာ်မရှင်

ေနြပည်ေတာ်

အေြကာင်းအရာ။     ။ ဆန္ဒမဲလက်မှတ်ကို ဖျက်ဆီးြခင်းကိစ္စ။

ယေန့ ၂၀၁၂ ခုနှစ်၊ ဧြပီလ ၁ ရက်ေန့တွင် ကျင်းပလျှက်ရှိေသာ ​ေရွးေကာက်ပွဲတွင် ဆန္ဒမဲလက်မှတ်များတွင် ​ေရးြခစ်မရေအာင် ဖေယာင်း​ သုတ်ထားသည့် ဆန္ဒမဲလက်မှတ်များကို မဲရံုမှူးများက မဲေပးလာသူတို့အား ​ေပးအပ်ေနေြကာင်း သိရှိေနရပါသည်။ ဆန္ဒမဲရှင်များက ဖေယာင်း သုတ်ထား၍ ​ေရးြခစ်မရေြကာင်း မဲ လက်မှတ်လဲလှယ်ေပးရန် ​ေတာင်းဆိုေနေသာ်လည်း မရရှိေြကာင်း ဆန္ဒမဲရှင်များက ​ေတာင်းဆိုေနြကသည်။

ဆန္ဒမဲလက်မှတ်ကို ဖေယာင်းသုတ်ြခင်းသည် ဆန္ဒမဲလက်မှတ်ကို ဖျက်ဆီးြခင်းြဖစ်၍ အြမန်ဆံုး အေရးယူေပးပါရန် ေတာင်းဆိုပါသည်။

၁။ ဖေယာင်းသုတ်ြခင်း အစီရင်ခံေသာြမို့နယ်များမှာ

ပုလဲြမို့နယ် - ​ေညာင်ပင်သား၊ ဆင်ရှင်၊ တနယ်၊ ​ေကျာ်ေတာ၊ မင်းတိုင်ပင်၊ အလယ်ပံု၊ ေချာင်းနားနှင့် ​ေကျးသများ ​ေကျးရွာများ

ေမာ်လြမိုင်ြမို့နယ်

ြမန်ေအာင်ြမို့နယ်

မေကွးြမို့နယ်

ေကာ့မှူးြမို့နယ်

မဂင်္လာေတာင်ညွန့်ြမို့နယ်

မရမ်းကုန်းြမို့နယ်

ဒဂံုဆိပ်ကမ်းြမို့နယ်

ေတာင်တွင်းြကီးြမို့နယ်

ကေလာြမို့နယ်၊ ေအာင်ပန်းြမို့တို့ြဖစ်သည်။

၂။ ပုလဲ နီြခံရွာတွင် မဲရံုမှူး ဆရာမ ​ေဒါ်တင်မာဝင်းက မဲလက်မှတ်တွင် ​ြပည်ခိုင်ြဖိုးပါတီကို ကိုယ်တိုင်ြခစ်ေပးပါသည်။

၃။ ဆန္ဒမဲြပားတွင် ဖေယာင်းသုတ်ြခင်း ကိစ္စရပ်မှာ တြပည်လံုး အတိုင်းအတာနှင့် ​ြဖစ်ေပါ်လျှက်ရှိြပီး သတင်းအချက်အလက်များလည်း ဆက်လက်​ ဝင်လာ​လျှက်ရှိသည်။

xxxxxxxxxx

(အတွင်းေရးမှူး)

ဗဟိုေအာင်နိုင်ေရးအဖွဲ့

ေခါင်းစီးသတင်းများ

Related Articles