​ေဒါ်​ေအာင်​ဆန်း​စု​ြကည်​ရဲ့​​ ​ကျန်း​မာ​ေရး​​ ​အ​ေြခ​အ​ေန​ ​ေြက​ြငာ​ချက်



အမျိုးသား ဒီမိုကေရစီ အဖွဲ့ချုပ်


အမှတ် (၉၇/ခ) အေနာက် ေရွှဂံုတိုင်လမ်း


ဗဟန်းြမို့နယ်၊ ရန်ကုန်


ရက်စွဲ - ၂၀၁၂ခုနှစ် မတ်လ(၂၆)ရက်


ေြကြငာချက်



ေဒါ်ေအာင်ဆန်းစုြကည်၏ မိသားစုဆရာဝန်က ​ေဒါ်ေအာင်ဆန်းစုြကည်၏ ကျန်းမာေရးအေြခအေနနှင့် စပ်လျဉ်းြပီး

(က) ေဒါ်ေအာင်ဆန်းစုြကည်၏ ကျန်းမာေရးကို လွန်ခဲ့ေသာ ​ေဖေဖာ်ဝါရီလက အေထွေထွစမ်းသပ်ခဲ့ရာ လံုးဝ​ေကာင်းမွန်ေြကာင်း ​ေတွ့ရှိရသည်။

(ခ) ြမိတ်ကျွန်းစုြမို့နယ်ခရီးတွင် ရှပ်ေြပးယာဉ် မရသြဖင့် ​ေမာ်ေတာ်ဘုတ်ငယ်များြဖင့် ခရီးသွားခဲ့ရာတွင် ​ေနပူရှိန်ြပင်းသည့် ​ေရလမ်းခရီး၌ အချိန်ြကာြမင့်စွာ သွားလာခဲ့ရ၍ ပိုမိုပင်ပမ်းခဲ့ရေြကာင်း။

(ဂ) ခရီးစဉ်များ ဆက်တိုက်သွားလာခဲ့ရာ၌ ခရီးပန်းေနြပီး အလုပ်၏ဖိစီးမှုဒဏ်ြဖင့်​ အားနည်းေနြခင်းတို့ေြကာင့် ​ေနထိုင်မေကာင်း ​ြဖစ်ခဲ့ရြခင်း ​ြဖစ်ေြကာင်း ​ေြပာြကားပါသည်။

ယခုအခါ ကျန်းမာေရးအေြခအေနမှာ တိုးတက်မှုရှိေနေသာ်လည်း ၄-၅ ရက်နားေနရန် လိုအပ်ေြကာင်းလည်း မိသားစုဆရာဝန်က အြကံြပုထား​ ပါသည်။

 


ဗဟိုေအာင်နိုင်ေရးအဖွဲ့

ေခါင်းစီးသတင်းများ

Related Articles