​ေဒါ်​ေအာင်​ဆန်း​စု​ြကည်​ရဲ​့​​ ​မ​ေကွး​တိုင်း​ခ​ရီး​စဥ်​ ​ဖျက်​သိမ်း​​ေြကာင်း​​ ​ေြက​ြငာ​ချက်



အမျိုးသား ဒီမိုကေရစီ အဖွဲ့ချုပ်

 

အမှတ်(၉၇/ခ)၊ ေနာက်ေရွှဂံုတိုင်လမ်း

 

ဗဟန်းြမို့နယ်၊ ရန်ကုန်ြမို့

 

ေန့စွဲ။        ။ ၂၅ မတ်လ ၂၀၁၂

 

ေြကြငာချက်



အမျိုးသား ဒီမိုကေရစီ အဖွဲ့ချုပ် ဥက္ကဌ ​ေဒါ်ေအာင်ဆန်းစုြကည်သည် မိသားစု ဆရာဝန်​ ​ေဒါက်တာ တင်မျိုးဝင်း၏ အြကံေပးချက်အရ မတ်လ (၂၇) ရက်ေန့နှင့် (၂၈) ရက်ေန့များတွင် သွားေရာက်မည့် မေကွးတိုင်းခရီးစဉ်ကို ဖျက်သိမ်းလိုက်ရပါသည်။ ယင်းသို့ ဖျက်သိမ်းခဲ့ရြခင်းအတွက် မေကွး၊ ​ေကျာက်ပန်းေတာင်း၊ ​ေတာင်တွင်းြကီးနှင့် နတ်ေမာက်ြမို့နယ်များမှ ​ြပည်သူလူထုအား အနူးအညွတ် ​ေတာင်းပန်အပ်ပါသည်။

 

ဗဟိုေအာင်နိုင်ေရးအဖွဲ့

အမျိုးသားဒီမိုကေရစီ အဖွဲ့ချုပ်

ေခါင်းစီးသတင်းများ

Related Articles