မတ်လ​ ​၂​၂​ ရက်​ေန​့​​ သတင်း​ထုတ်ြပန်ချက်

 

အမျိုးသား ဒီမိုကေရစီ အဖွဲ့ချုပ်

အမှတ် (၉၇/ခ) အေနာက် ေရွှဂံုတိုင်လမ်း

ဗဟန်းြမို့နယ်၊ ရန်ကုန်

ရက်စွဲ - ၂၀၁၂ခုနှစ် မတ်လ (၂၂) ရက်

သတင်း ထုတ်ြပန်ချက်


၂၀၁၂ခုနှစ် ဧြပီလ (၁) ရက်ေန့တွင် ကျင်းပမည့် ြကားြဖတ် ​ေရွးေကာက်ပွဲ နီးကပ်လာသည်နှင့်အမျှ ​ေရွးေကာက်ပွဲ ဆိုင်ရာ မတရားေသာ လုပ်ေဆာင်မှုများ ပိုမိုများြပားလာပါသည်။ ယင်းြပဿနာများအနက် အချို့ကို ​ေအာက်ပါအတိုင်း ​ေဖါ်ြပလိုက်ပါသည်။

ဇမ္ဗူသီရိြမို့နယ်၊ ​ေနြပည်ေတာ်

၁။ နိုင်ငံေတာ်သမ္မတြကီး ဦးသိန်းစိန်က ဇမ္ဗူသီရိြမို့နယ် ​ေအာင်ချမ်းသာ ​ေကျးရွာမှ လယ်သမား​ များအား ြကိုတင်​ ထုတ်ေပးေငွများ ထုတ်ေပးရာတွင် “ခင်ဗျားတို့ ​ေတာင်းတာေတွ အကုန် လုပ်ေပးထားြပီးြပီ ြပန်ေတာင်းဆိုဖို့ပဲ ရှိေတာ့တယ်” ဟု ​ေြပာဆိုခဲ့သည်ကို လယ်သမားများက “ဟုတ်ကဲ့သိပါတယ်”ဟု ြပန်လည် ​ေြပာြကားခဲ့ေြကာင်း (7DAY NEWS Vol 11,No.3) တွင် ​ေတွ့ရှိ ရပါသည်။

နိုင်ငံေတာ် သမ္မတြကီး၏ ​ေြပာြကားချက်မှာ မဲဆွယ် စည်းရံုးေရးဟု အများက ယူဆေနပါသည်။

၂။ ဇမ္ဗူသီရိြမို့နယ်၊ ​ေအာင်ချမ်းသာ ရပ်ကွက်တွင် ​ေငွကျပ် ၂၅၀၀၀၀ (ကျပ်နှစ်သိန်းငါးေသာင်း) သွင်းသူတိုင်း လျှပ်စစ်မီးရေသာ်လည်း ယင်းရပ်ကွက်အတွင်းရှိ အမျိုးသား ဒီမိုကေရစီ အဖွဲ့ချုပ် ဆိုင်းဘုတ် တင်ထားေသာ ဦးြကည်၏ ​ေနအိမ် တစ်ခုတည်းသာ လှျပ်စစ်မီး မရရှိပါ။

ယင်းကိစ္စနှင့်စပ်လျဉ်းြပီး ရာအိမ်မှူး ဦးဝင်းေအာင်နှင့် ကိုကုလားြကီးတို့က ​ေနြပည်ေတာ် ​ေကာင်စီဝင် ဦးမျိုးညွန့်၏ ညွှန်ြကားချက်အရ ချန်ထားြခင်းြဖစ်သည်ဟု ​ေြပာဆိုေြကာင်း သတင်းရရှိပါသည်။

ထိုသို့ ​ေြပာြကားြခင်း မှန်ကန်ပါက ြကားြဖတ် ​ေရွးေကာက်ပွဲ ဝင်ေရာက်မည့် အဖွဲ့ချုပ်အေပါ် တာဝန်ရှိသူတစ်ဦး၏ သေဘာထားမှာ များစွာ မေလျာ်ကန်သည့် သေဘာထားြဖစ်ပါသည်။

 

ဗဟိုေအာင်နိုင်ေရးအဖွဲ့

ေခါင်းစီးသတင်းများ

Related Articles