
ေဒါ်ေအာင်ဆန်းစုြကည်ပံုပါေသာ ပိုစတာများေပါ်တွင် မဖွယ်မရာ ဂုဏ်သိက္ခာ ထိခိုက်ေစေသာ စကားလံုးများ ေရးသားြပီး မတ်လ ၂ဝရက်ေန့ညက ေြမာင်းြမြမို့အနှံ့ လိုက်လံကပ်ထားတာကို ေတွ့ရေြကာင်း အမျိုးသား ဒီမိုကေရစီ အဖွဲ့ချုပ် ြမို့နယ်တာဝန်ရှိသူများ၏ ေြပာြပချက်အရ သိရပါသည်။
အဆိုပါ ပိုစတာများေပါ်တွင် “ထင်ေပါ်ေကျာ်ြကားမှုေတွြကားမှာ အလွန်သာယာေနသူပါ၊ သူ့ကို ေစာင့်ေရှာက်တာ အေနာက်အုပ်စု ဒါေြကာင့်သူက အေနာက်အုပ်စုရဲ့ကျွန်၊ အေနာက်အုပ်စု ခိုင်းသမျှလုပ်ေနတဲ့ အသားထဲကေလာက်၊ သူ့ကိုေရွးရင်ေတာ့ အေနာက်အုပ်စုရဲ့ကျွန်ြဖစ်ြပီ ေသချာတယ်၊ လူထုကို ချမ်းသာေအာင် လုပ်ေပးမှာလား သားနှစ်ေယာက်ကို ချမ်းသာေအာင် လုပ်ေပးမှာလား” စတဲ့ အမျိုးသား ဒီမိုကေရစီ အဖွဲ့ချုပ်၏ ဥက္ကဌ ေဒါ်ေအာင်ဆန်းစုြကည်အား မဖွယ်မရာ ဂုဏ်သိက္ခာ ထိခိုက်ေစေသာ စကားလံုးများြဖင့် အထက (၁) ေကျာင်းေရှ့၊ ဆန်စက်ကုန်သည်များအသင်းေရှ့၊ ေနာင်ရိုးခန်းမ၏ အုတ်နံရံများေပါ်တွင် (Doubled tape ) နှစ်ဘက် ကပ်တိတ်များြဖင့် ေသေသချာချာ စနစ်တကျ ကပ်ထားတာကို ေတွ့ရေြကာင်း၊ မနက်မိုးလင်းမှ တာဝန်သိြပည်သူများက ၎င်းပိုစတာများကို ခွာယူြပီး ြမို့နယ်ရံုးသို့ လာေရာက်ပို့ေပးမှ သိရေြကာင်း၊ ေြမာင်းြမြမို့နယ် အဖွဲ့ချုပ် ြပည်သူ့လွတ်ေတာ် ကိုယ်စားလှယ်ေလာင်း မန်းေဂျာ်နီ၏ ေရွးေကာက်ပွဲ ကိုယ်စားလှယ် စ’ခင်ေဇာ်လင်းမှ ေြပာြပပါသည်။
ထိုကဲ့သို့ မဖွယ်မရာ ကိစ္စေပါ်လာချိန်တွင် ဧရာဝတီတိုင်း ဝန်ြကီးချုပ်၊ ဦးသိန်းေအာင် ေြမာင်းြမြမို့သို့ ေရာက်ရှိေနခိုက်နှင့် တိုက်ဆိုင်ေနြပီး ၎င်းနှင့်အတူ အခွန်ဘဏ္ဍာမှ ဦးဝင်းကို ေြမာင်းြမို့နယ် ြကံ့ခိုင်ဖွံ့ြဖိုးေရးပါတီ လွတ်ေတာ် ကိုယ်စားလှယ်ေလာင်း ဦးြဖိုးကိုတင့်ဆန်း၊ ဗိုလ်ချုပ်စိုးနိုင်နှင့် အြခားအရာရှိများလည်း လိုက်ပါလာြကေြကာင်း သတင်းရရှိပါသည်။
အလားတူ ေဖေဖာ်ဝါရီလ (၂၀) ရက်ေန့တွင်လည်း ေြမာင်းြမြမို့နယ် ကန်ြကီးတိုက်နယ်ေကျးရွာ အမျိုးသား ဒီမိုကေရစီ အဖွဲ့ချုပ် ဆိုင်ဘုတ်တင်နှင့် ရံုးခန်းဖွင့်ပွဲ အခမ်းအနားအြပီးတွင် နယ်ေြမခံ ရဲသားတဦးမှ ဖွင့်ြပီးကာစ ရံုးအားလိုက်လံ၍ ဓါတ်ပံုရိုက်ြခင်း၊ အိမ်ရှင်များကိုေခါ်၍ စစ်ေဆးေမးြမန်းြခင်း အိမ်သားများကို တန်းစီ၍ ဓါတ်ပံုများ ရိုက်ယူြခင်းများကို အြပင်၊ မတ်လ (၁၆)ရက်ေန့ ကလည်း ေြမာင်းြမြမို့နယ် ရှမ်းေရေကျာ်ေကျးရွာရှိ ေဒါ်ေအာင်ဆန်းစုြကည်နှင့် မန်းေဂျာ်နီပံုပါသည့် ပိုစတာများအား ဓါးနှင့် ခုတ်ြဖတ်၍ အဖျက်ဆီးခံခဲ့ရြခင်း စသည့် မင်းမဲ့စရိုက်ဆန်ုသည့် လုပ်ရပ်များြဖင့် အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်အား ေစာ်ကားေနှာင့် ယှက်မှုများ လုပ်ေဆာင်ခဲ့ေသးေြကာင်း အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်၏ အစီရင်ခံစာများ အရသိရပါသည်။