


သတင်းစာဆရာ၊ စာေရးဆရာ ဂျာနယ်ေကျာ် ဦးချစ်ေမာင်နှစ် ၁၀၀ ြပည့် အထိမ်းအမှတ် အခမ်းအနားကို အဖွဲ့ချုပ်၊ ဌာနချုပ်ရံုး ဗဟို အစည်းအေဝး ခမ်းမတွင် ဇန္နဝါရီလ ၁ ရက်မွန်းလွဲ ၁ နာရီတွင် ကျင်းပခဲ့သည်။ အဖွဲ့ ချုပ် ဒုတိယ-ဥက္ကဌ၊ ဦးတင်ဦး၊ ဗဟို အလုပ်အမှုေဆာင် အဖွဲ့ဝင် ဦးဝင်းတင်၊ ဦးအုန်းြကိုင်၊ ဗဟိုလူငယ်အဖွဲ့ ဝင်များ၊ စာနယ်ဇင်း ဆရာများ၊ အဖွဲ့ချုပ်၊ အဖွဲ့ဝင်များ၊ ဦးချစ်ေမာင်၏ေြမး ဦးသိန်းစိုးနှင့် ဇနီးတို့အြပင် စာေပဝါသနာရှင် ၁၅၀ ခန့် တက်ေရာက်ခဲ့သည်။
အခမ်းအနားမှူးအြဖစ် ဗဟန်းြမို့နယ် ဥက္ကဌ၊ ဦးေအာင်ြမင့် (ဖျာပံုနီလံုဦး) ကေဆာင် ရွက်သည်။ သဘာပတိ ဒုတိယ-ဥက္ကဌ၊ ဦးတင်ဦးက အဖွင့်မှာစကား ေြပာြကားြပီးေနာက် ဗဟို အလုပ်အမှုေဆာင်အဖွဲ့ဝင်နှင့် ဝါရင့် သတင်းစာ ဆရာြကီး ဟံသာဝတီ ဦးဝင်းတင်နှင့် ရုပ်ရှင် ဒါရိ်ုက်တာနှင့် စာေရးဆရာ ဦးမိုးသူ (ေမာင်မိုးသူ)က ဂျာနယ်ေကျာ်ဦး ချစ်ေမာင် အမှတ်တရ ဂုဏ်ြပုစကား ေြပာြကားြကသည်။ ထို့ေနာက်တွင် ကဗျာဆရာ ြငိမ်းသစ်နှင့် မံုရွာေအာင်ရှင်တို့က ဦးချစ်ေမာင် ဂုဏ်ြပု စာတမ်းများ ဖတ်ြကားြကသည်။
ကဗျာရွတ်ဆိုပွဲကို ဆက်လက်ြပုလုပ်ရာ လှိုင်ြမို့နယ်မှ အဖွဲ့ချုပ် လူငယ် ကိုေနစိုးေအာင်၊ လူငယ် ကွန်ယက် အဖွဲ့ဝင် ကဗျာဆရာ ကိုေနထက်နိုင်၊ ြကည့်ြမင်တိုင် ြမို့နယ် လူငယ် မသူဇာလွင်၊ ကဗျာဆရာ ရင်နီတို့က ကဗျာများ ရွတ်ဆိုခဲ့ြကြပီး မွန်းလွဲ ၂ နာရီ ခွဲတွင် အခမ်းအနား ကျင်းပ ြပီးစီးသည်။