

ေဒါ်ေအာင်ဆန်းစုြကည်သည် နံနက် (၁၁) နာရီခွဲတွင် လန်ဒန် Economic မဂ္ဂဇင်းမှ သတင်းစာဆရာ (၂) ဦးနှင့် ေတွ့ဆံုကာ ၎င်းတို့ သိလိုသည်များကို ေမးြမန်းခွင့်ြပုသည်။
မွန်းလွဲ (၁၂) နာရီ (၁၅) မိနစ်တွင် ြပည်တွင်း ထုတ်ဂျာနယ်၊ ြမန်မာ ပို့စ် ဂလိုဘယ် ဂျာနယ် အယ်ဒီတာအဖွဲ့အား လက်ခံေတွ့ဆံုသည်။
အယ်ဒီတာချုပ် ဦးေအာင်ရဲေမာင်ေမာင် ဦးေဆာင်ေသာ အယ်ဒီတာ အဖွဲ့ဝင် (၁၀) ဦးတို့က ေဒါ်ေအာင်ဆန်းစုြကည်အား လှူဖွယ်ပစ္စည်းများြဖင့် ဦးစွာ ကန်ေတာ့ြကသည်။ ထို့ေနာက် အယ်ဒီတာ အဖွဲ့ဝင် (၃) ဦးက ၎င်းတို့သိလိုေသာ နိုင်ငံေရး၊ လူမှုေရး အေြကာင်းများကို နာရီဝက်ြကာ ေမးြမန်းြကသည်။
ဆက်လက်၍ မွန်းလွဲ (၁) နာရီ (၁၅) မိနစ်တွင် အင်ဗွိုင်း ဂျာနယ် အယ်ဒီတာချုပ်နှင့် အဖွဲ့ဝင်များနှင့်လည်းေကာင်း၊ မွန်းလွဲ (၁) နာရီ (၄၅) မိနစ်တွင် အိတ်စ်ပရက်စ် တိုင်းမှ အယ်ဒီတာအဖွဲ့အား၎င်း လက်ခံေတွ့ဆံုကာ ေမးခွန်းများကို ြပန်လည် ေြဖြကားခဲ့သည်။