

အေမရိကန် သမ္မတ အိုဘားမား၏ အထူးကိုယ်စားလှယ် မစ္စတာဒဲရစ်မစ်ချဲနှင့် အဖွဲ့ဝင်သံုးဦးတို့သည် အေမရိကန်သံရံုးမှ အရာရှိ (၂) ဦး နှင့်အတူ စက်တင်ဘာလ (၁၁)ရက်ေန့ နံနက် (၈) နာရီတွင် ေတာင်ဒဂံုြမို့နယ် (၁၈) ရပ်ကွက်ရှိ NLD မှ ြကီးမှူး ဖွင့်လှစ်ထားေသာ HIV ေဝဒနာသည်များ ေစာင့်ေရှာက်ေရးဌာနသို့ သွားေရာက်ေလ့လာသည်။
တာဝန်ခံ မြဖူြဖူသင်းနှင့်အဖွဲ့ဝင်များက လက်ခံေတွ့ဆံုြပီး ကူညီေစာင့်ေရှာက်ေရးလုပ်ငန်းများ လည်ပတ်ေနပံုကို ရှင်းလင်းေြပာြကားသည်။ အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် ဌာနတွင်းရှိ ေဝဒနာရှင်များအား တရင်းတနှီး ေတွ့ဆံုနှုတ်ဆက်ကာ အားေပးစကား ေြပာြကားသွားသည်။