



အမျိုးသား ဒီမိုကေရစီ အဖွဲ့ချုပ် ဥက္ကဌ၊ လူထုေခါင်းေဆာင် ေဒါ်ေအာင်ဆန်းစုြကည်သည် ေဖေဖာ်ဝါရီလ ၁၁ ရက်ေန့တွင် ေကာ့မှူးြမို့နယ်သို့ စည်းရံုးေရး ခရီးထွက်ခဲ့သည်။ တွံေတးြမို့အဝင် သိန်းေသာင်းခန့်ရှိေသာ ြပည်သူများမှ ေအာင်သေြပပန်းများ၊ အဖွဲ့ချုပ် အလံငယ် ကေလးများ ကိုင်ေဆာင်ကာ အသင့်ေစာင့်ဆိုင်း ေနလျှက်ရှိေနသည်။
လမ်းေဘး ဝဲ-ယာတွင် အိုးစည်ဒိုးပတ်များ၊ ကရင်ဒံုးယိမ်း အကများြဖင့် ြကိုဆို နှုတ်ဆက်ြကသည်။ “ေဒါ်ေအာင်ဆန်းစုြကည် ကျန်းမာပါေစ၊ အေမစု ကျန်းမာပါေစ”ဟု ေြကွးေြကာ် အားေပး ခဲ့ြကပါသည်။ ဝါသခင်္ရွာ ေကျာင်းသစ် ဘုန်းေတာ်ြကီးေကျာင်း၌ ဆရာေတာ်ြကီးများအား ဝင်ေရာက် ကန်ေတာ့ြပီး လှူဖွယ်ပစ္စည်းများကို လှူဒါန်းခဲ့သည်။ ၃ နာရီ ၁၅ မိနစ်တွင် ဝါသခင်္ရွာ၌ လူထုေဟာေြပာပွဲ ကျင်းပခဲ့ြပီး ၄ နာရီ ၁၀ မိနစ်တွင် ဝါသခင်္ရွာမှ ြပန်လည် ထွက်ခွာရာ မဆယ်ဆိပ်ရွာ၊ ငှက်ေအာဆန်း ေကျးရွာများမှ ြပည်သူများအား နှုတ်ဆက်စကား ေြပာြကားခဲ့ြပီး ၈ နာရီခွဲတွင် ေနအိမ်သို့ ြပန်လည် ေရာက်ရှိခဲ့ပါသည်။