ေဒါ်ေအာင်ဆန်းစုြကည် ပုသိမ်စည်းရံုးေရးေဟာေြပာပွဲတွင် ပုသိမ်ေရှ့ေန လူငယ်များ ရံပံုေငွေဈးေရာင်း

 

 

 



ပုသိမ်ြမို့တရားလွတ်ေတာ်ေရှေန ဦးြမင့်သိန်း ဦးေဆာင်ေသာ ​ေရှ့ေနလူငယ် ၁၀ ဦးသည် ေဖေဖာ်ဝါရီလ ၇ ရက်က ပုသိမ်ြမို့၊ ကိုးသိန်း အားကစားကွင်းတွင် ကျင်းပေသာ ​ေဒါ်ေအာင်ဆန်းစုြကည် စည်းရံုးေရး ​ေဟာေြပာပွဲတွင် အမျိုးသား ဒီမိုကေရစီ အဖွဲ့ချုပ်မှ ထုတ်ေဝေသာ ဒီလိုင်းဂျာနယ်အား အဖွဲ့ချုပ်လူငယ် ရန်ပံုေငွအတွက် မနက် ၈ နာရီခွဲမှ ၁၀ နာရီ ၄၅ မိနစ်အထိ ​ေရာင်းချေပးခဲ့ပါသည်။

“ကျမတို့အားလံုး ေဒါ်ေအာင်ဆန်းစုြကည်ကို ချစ်လို့၊ ေဒါ်စုအဖွဲ့ကို လုပ်ေပးချင်တာလဲ ပါတယ်ေပါ့၊ လူငယ်အချင်းချင်း ကိုယ်တတ်နိုင်သေလာက် အကူအညီေပးချင်တာလဲပါတာေပါ့၊ ​ြပီးေတာ့ အဖွဲ့ချုပ်လူငယ်ေတွ လူငယ်နိုင်ငံေရး စည်းရံုးလှုပ်ရှားမှုေတွကို ပိုမိုထိေရာက်ေအာင် လုပ်ေဆာင်နိုင်ေအာင်၊ ​ေငွေြကးေြကာင့် ​ေနှာင့်ေနှးေနတာမျိုး ကျွန်မတို့ မြဖစ်ေစချင်ဘူးေလ” လို့ ေရှ့​​ေနလူငယ် တဦးြဖစ်တဲ့ ​ေဒါ်မျိုးစံပါယ်ထွန်းက ​ေြပာပါတယ်။

အမျိုးသား ဒီမိုကေရစီ အဖွဲ့ချုပ် ဥက္ကဌ၊ ​ေဒါ်ေအာင်ဆန်းစုြကည်သည် ​ေဖေဖာ်ဝါရီလ ၇ ရက်ေန့ မနက်ပိုင်းတွင် ပုသိမ်ြမို့သို့လည်းေကာင်း၊ မွန်းလွဲနှင့် ညေနပိုင်းတွင် ​ေြမာင်းြမြမို့သို့လည်းေကာင်း တရက်တာ စည်းရံုးေရးခရီးအြဖစ် သွားေရာက်ခဲ့ေြကာင်း၊ စည်းရံုးေရး ​ေဟာေြပာပွဲများတွင်လည်း​​ လူေထာင်ေပါင်းများစွာ တက်ေရာက်အားေပးြကရံုမက ရန်ကုန်၊ပုသိမ်၊ ​ေြမာင်းြမ ခရီးလမ်းတေလျှာက် လမ်းေဘးဝဲယာတွင် ​ြပည်သူအေပါင်းမှ ​ေသာင်းေသာင်းဖျဖျ ​ြကိုဆိုြကေြကာင်းသတင်းရရှိပါသည်။

အေမရိကန်သံအမတ်နှင့်သတင်းစာရှင်းလင်းပွဲ

ပိုလန်နိုင်ငံြခားေရးဝန်ြကီးနှင့်သတင်းစာရှင်းလင်းပွဲ

ပိုလန်နိုင်ငံြခားေရးဝန်ြကီးနှင့်သတင်းစာရှင်းလင်းပွဲ-၂

ေခါင်းစီးသတင်းများ

Related Articles